Marlarmyaing for All. Let's grow together !

” ဆောင်းနှမ်း နှင့် ရေသွင်းနှမ်း စိုက်ပျိုးရေး အတွက် အကြံပြုချက် “

နှမ်းသီးနှံသည် မြန်မာ့ဆီထွက် သီးနှံ စိုက်ဧက ၏ ၄၉% စိုက်ပျိုးလျက်ရှိပြီး ဒုတိယအများဆုံး သီးနှံလည်း ဖြစ်ပါတယ်။ ဆီထွက်ရှိမှုတွင် ၅၀% မှ ၇၀% ထိရှိသည့် အတွက် ဆီထွက် အများဆုံး သီးနှံလည်း ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ စားသုံးဆီလိုအပ်မှု ကို ဖြည့်ဆည်းပေးရန် အလားအလာ အကောင်းဆုံး သီးနှံ ဖြစ်ပါသည်။

” ဖြစ်ထွန်းရန် လိုအပ်သော ပြင်ပဂေဟ အခြေအနေများ ”

(က) မြေအမျိုးအစား – နုံးမြေ ၊ သဲနုံးမြေ ၊ မြေနီသဲဝန် ၊ နုံးစနယ်မြေ စသည့် မြေသြဇာ ထက်သန်သော မြေဖြစ်ရပါမယ်။

(ခ) မြေချဉ် ၊ ငံကိန်း – PH ၅.၈ မှ ၇ ( အနည်းငယ်အငံဖက်ကို ပိုကြိုက်သည်။)
(ဂ) မိုးရေချိန် – သီးနှံ ရာသီအတွင်း ၂၀” ပြန့်နှံရွာသွန်းရမည် ။ သို့မဟုတ် ၂ ကုဗပေ ရေပေးသွင်းပေးရမည်။ အစိုဓာတ် မပြတ်စေရပါ။ သို့သော် ရေဝပ်ရေလွှမ်းမှု မရှိစေရပါ။
(ဃ) အပူချိန် – ၂၀* C ( ၆၄*F) မှ ၂၅* C (၈၀*F ) အပူကြိုက် သီးနှံဖြစ်သည် ။ ၂၀* အောက်တွင် အပင် ဖြစ်ထွန်းမှု ပွင့်သီးမှုကို ထိခိုက်လာပါမည်။

” စိုက်ပျိုးနိုင်သော ကာလများ ”

(က) မိုးကြို – ဖေဖော်ဝါရီလ – မတ်လ ( တပို့တွဲ -တပေါင်း )
( ရေသွင်းနှမ်း ) အောက်မြန်မာပြည်တွင် မိုးလေလွတ်ရန် နှမ်းလျင် မျိုးများ စိုက်သင့်သည်။ ရေသွင်းစိုက်ပျိုးရန် လိုအပ်ပါသည်။
(ခ) မိုး – မေလ -ဇွန်လ ( ကဆုန် – နယုန် )
(ဂ) ဆောင်း – စက်တင်ဘာလ မှ ဒီဇင်ဘာ ( တော်သလင်း မှ နတ်တော် )
( နွေနှမ်း ) အထက်မြန်မာပြည် အေးလွန်းသော ဒေသမှာ နှမ်းလျင်မျိုးများ မစိုက်သင့်ပါ။