Marlarmyaing for All. Let's grow together !

ဖာတီစတတ်

၁။      အမြစ်အားတောင့်တင်းခိုင်မာပြီး ၊ ရွှေ့ပြောင်းစိုက်စဉ် ထိခိုက်မှုကို ကာကွယ် ပေးနိုင်စွမ်းရှိ ပါသည်။  အပင်ဖြစ်ထွန်းအားပေးနိုင်သော ပျော်ရည်တွင် ကြီးထွားမှုအားပေးသောပစ္စည်းများ ဗိုက်တာမင် ဘီ (၁) နှင့်  အပင်ဖြစ်ထွန်း အားပေးသော ဟော်မုန်းနှင့် ဆင်တူသော ပစ္စည်းများ ပါဝင်သည်။

Ferti – Start သည် အမြစ်အားကြီးထွားစေခြင်းနှင့် ရွှေ့ပြောင်းစိုက်ချိန် ထိခိုက်မှုအားလျော့နည်း စေရန် သိပ္ပံနည်းကျ ဖေါ်စပ်ထားပါသည်။ သစ်ခွ ၊နှင်းဆီ ၊မြက်ခင်း ၊ အပင်ကြီးများ ၊ ဟင်းသီးဟင်းရွက်နှင့် အလှစိုက်ပင်များအတွက် သုံးရန်သင့်တော်သည့် ဆေးဖြစ်ပါသည်။

၂။        ပါဝင်သောပစ္စည်းများ 

ဗိုက်တာမင် ဘီ – ၁ (Thiamine Monoitrate) ဝ.၁၀ % ၊ အလ်ဖါနက်ဖ်သလင်း အက်ဆီတစ် အက်စစ်  (Alpha Naphthalene Acetic Acid) ဝ.၁၄% ၊ ဟော်မုန်းနှင့် အသွင်တူ ဓါတုပစ္စည်း (Hormone Like Substance) ဝ.၁၄% ၊ ချီလိတ်တက်ဒ်အသွင် ပြောင်းထားသော သံဓါတ် (Cheleted Iron) ဝ.၁ % တို့ပါဝင်ပါဝင်သည်။

၃။        အသုံးပြုရန်အညွှန်း

ရေတစ်ဂါလံတွင် ဤဆေးရည်ကို လက်ဖက်စားတစ်ဇွန်းဖြင့် ဖျော်ပြီး ပျိုးကိုင်းဖြတ် သို့မဟုတ် ရွှေ့ပြောင်းစိုက် အပင် ပတ်ဝန်းကျင်ရှိ မြေဆီလွှာအား  စွတ်စိုအောင် ဖျန်းပေးပါ။ ဤအားဆေးရည်ကို အပင်ရေသွင်းစဉ် ၂- ၃ ပတ်အထိ သို့မဟုတ် အပင်အမြစ်စွဲသည်အထိ ပက်ဖျန်းလောင်းသင့်သည်။ အပင်မျိုးအောင်သည်အထိ ကြီးထွားမှု အကောင်းဆုံးဖြစ်စေရန် ပုံမှန်ပက်ဖျန်းပေးရမည်။ ဤအားဆေးသည် ပြင်းအားမြင့်၍ ညွှန်းကြားထား သည့်အတိုင်း ဆောင်ရွက်ရမည်။

Happy Peasant Day

ယနေ့ မတ်လ(၂)ရက်နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့ ကို ဂုဏ်ယူ ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

တောင်သူလယ်သမား ဦးကြီးများ ကျန်းမာ ချမ်းသာ၍ ဝင်ငွေများ ယခုထက် ၇၅ ဆ တိုးတက်ကြ ပါစေဟု မာလာမြိုင် ကုန်ထုတ်လုပ်မှူ ကုမ္ပဏီ မိသားစု မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ

Happy Peasant Day…
We wish all the farmers healthy, wealthy and may increase the income 75 times higher than before….

Cheers.

HAPPY Myanmar NEW YEAR..

Dear All my good friends in Myanmar. HAPPY NEW YEAR.. I was totally wet this morning woth HE Ambassdor and friends. I really enjoyed foods and drink.11138599_713392722106749_797540943750730824_n 11149383_713392698773418_6150614040498996590_n 1513187_713392648773423_5457780201588980480_n

ရေဘေး လှူဒါန်းခြင်း

၀၃-၀၈-၂၀၁၅ ယခု မြန်မာနိုင်ငံအနှံအပြားတွင် ရေဘေး ကြုံတွေ့နေရသည်ကို မာလာမြိုင်အနေ နှင့် ကျပ်သိန်း (၁၂၀) မတည် လှူဒါန်းမည်ဖြစ်ပြီး စေတနာရှိသူ မိတ်ဆွေများ နှင့် မာလာမြိုင်မိသားစုဝင်များ ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါတယ်။

လှူဒါန်းရန်အတွက် အောက်ပါဖုန်းနံပါတ်များ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ မမေသက်နွယ် – ၀၉၂၅၃၃၈၅၅၉၆ မမြတ်သက်စုထွန်း – ၀၉၂၅၂၈၉၄၄၄၇