Marlarmyaing for All. Let's grow together !

ဟိုက်ပါစတစ်ကာ

သုံးစွဲရန်အညွှန်း

၁။        အသုံးပြုခြင်း ။    ။ စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများ၏ အကျိုးအာနိသင် ပိုမိုကောင်းမွန်စေရန် ၎င်းဆေးကို သုံးစွဲတိုင်း “HYPER STICKER” ကို မဖြစ်မနေ ထည့်သုံးပါ။

၂။        အသုံးပြုနိုင်သော သီးနှံများ ။       ။ စပါး ၊ ပြောင်း ၊ ဂျုံ ၊ နေကြာ ၊ နှမ်း ၊ ပန်းနှမ်း ၊ မတ်ပဲ၊ကုလားပဲ၊ မြေပဲ ၊ ပဲစင်းငုံ ၊ ခရမ်းချဉ် ၊ စားတော်ပဲ ၊ ပဲပုပ် ၊ ငြုပ် ၊ ကြက်သွန်နီ /ဖြူ ၊ ခရမ်း ၊ အာလူး ၊ မုံလာထုပ် ၊ သခွားမွှေး ၊ ဖရဲ ၊ မုံညှင်း ၊ ပန်းမုံလာ ၊ ကွမ်း ၊ သံပုရာ ၊ ရှောက် ၊ နာနတ် ၊ လိမ္မော် ၊ ဒူးရင်း ၊ မင်းဂွတ် ၊ ကြက်မောက် ၊ ကော်ဖီ ၊ လက်ဖက် ၊ သစ္စာပန်း ၊ သဇင် ၊ နှင်းပန်း ၊ နှင်းဆီ ၊ ဂန္ဓမာ ၊ ပိန်းပန်း ၊ သစ်ခွ။

၃။        ထည့်ရမည့်နှုန်းထား ။     ။ ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည် (၅) စီစီ နှုန်းသာရောစပ် အသုံးပြုနိုင်ပါသည်။

၄။        အကျိုးအာနိသင်များ ။     ။ လက်ရှိသုံးနေသည့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများသုံးစွဲချိန်တွင် စိမ့်ဝင်စွဲကပ် ပျံ့နှံ့ဆေး ရောထည့်ပေးခြင်းဖြင့် –

  • အပင် အစိတ်အပိုင်းများပေါ်တွင် ဆေးပျံ့နှံ့အား အထူးကောင်းမွန်စေသည်။
  • စိမ့်ဝင် စွဲကပ် ပျံ့နှံ့အား ပိုမိုကောင်းစေခြင်းဖြင့် အသုံးပြုသည့် ဆေးလေလွင့်မှုနည်းပြီး ၊ အာနိသင် ပိုမိုတာရှည်ခံစေသည်။
  • သဘာဝအလျှောက်ဖြစ်ပေါ်သည့်မိုးရေနှင့် နှင်းကြောင့် ဆေးများ လျှောကျ ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်သဖြင့် ဆေးအာနိသင် ပိုမိုကောင်းစေသည်။
  • အရွက် ထောင်မတ်ပြီး ရွက်ပြားသေးသည့် သီးနှံများဖြစ်သော စပါး ၊ ဂျုံ ၊ ကြက်သွန်ဖြူ / နီ ၊သစ္စာပန်း စသည်တို့တွင်  မဖြစ်မနေ အသုံးပြုပါ။
  • အရွက်မျက်နှာပြင် ပြောင်ချောနေသည့် သီးနှံများဖြစ်သော သစ်ခွ ၊ သဇင် ၊ နှင်းပန်း ၊ ပိန်းပန်းနှင့် ကွမ်းပင်များ စသည်တို့တွင် မဖြစ်မနေ အသုံးပြုပါ။

စူပါစတစ်ကာ

အရည်အသွေး

၁။        စိုက်ပျိုးရေးသမားများတွင် အထူးအလိုအပ်ဆုံးအရာတစ်ခုသည် စူပါစတစ်ကာ ဖြစ်သည်။

၂။        အပင်အတွက် အကျိုးပိုမိုရှိစေနိုင်သည့် ကော်နှစ်မျိုးကိုရောစပ်ထားပြီး အပင်၏ ဇီဝကမ္မဗေဒဆိုင်ရာကို မထိခိုက်နိုင်ပါ။

၃။       အပင်များအပေါ်တွင်ဖျန်းပြီး ဓါတ်ကြွင်း အာနိသင်မကျန်ခြင်းကြောင့်စားသုံးသူများအား  ဘေးအန္တရယ်မဖြစ်စေနိုင်ပါ။

သုံးစွဲရန်ဆေးနှုန်းထား

 –            ရေ (၁) ဂါလံနှင့်ဆေး (၅) စီစီ (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) ရောစပ်၍ ပက်ဖျန်းပါ။

–             (မိမိအသုံးပြုမည့် ရေ၏ (၁/၃) သုံးပုံတစ်ပုံနှင့် စူပါစတစ်ကာရောစပ်ပြီးလျှင် ပိုးသတ်ဆေး ၊ မှိုသတ်ဆေး ၊ ရွက်ဖျန်းမြေသြဇာနှင့်  စိတ်ချစွာ တွဲဖက်အသုံးပြုခြင်းဖြင့် အကျိုးထူးစေပါသည်။

အကျိုးကျေးဇူးများ

၁။        အပင်ပေါ်ဆေးဖျန်းပြီးလျှင် အပင်အစိတ်အပိုင်းအားလုံးဆေးထိညီညာပြီး ၊ ပျံ့နှံ့မှုလွယ်ကူပါသည်။

၂။        အရွက် ၊ အပွင့် ၊ အသီးများကို အရောင်သွေးတောက်ပစေပြီး သီးနှံအရည်အသွေးကောင်းမွန်စေပါသည်။

၃။        ပိုးသတ်ဆေး ၊ မှိုသတ်ဆေး ၊ အရွက်ဖျန်းမြေသြဇာနှင့် စိတ်ချစွာ တွဲဖက်အသုံးပြုခြင်းဖြင့် အကျိုးထူးစေပါသည်။

၄။        အပင်ပေါ်တွင် ပိုးသတ်ဆေးတွဲကပ်အားကောင်းသဖြင့် ဖျက်ပိုးများကို အသေမြန်စေပါသည်။

၅။        အပင်ပေါ်တွင် ပိုးသတ်ဆေး ၊ မှိုသတ်ဆေး များ အချိန်ကြာမြင့်စွာစွဲနေသဖြင့် ဆေးဖျန်းအကြိမ်  လျော့နည်းအသုံးပြုနိုင်ပါသည်။

၆။        စိုက်ပျိုးပင်များအားလုံးတွင် အသုံးပြုနိုင်ပြီး အပင်လောင်ကျွမ်းမှု မရှိပါ။

၇။        ဆေးတွဲကပ်အားကောင်းသောကြောင့် ဆေးဖျန်းပြီးမိုးရေနှင့် ဆေးများ အလွယ်တကူ ပါမသွားပါ။

၈။        မိုးရာသီတွင် မဖြစ်မနေသုံးစွဲပါ။