Marlarmyaing for All. Let's grow together !

နေရွက်လှေ ဇင့်

ဇင့်ဖာလ်ဖိတ်  ( ZnSO4,7H2O ) သုံးစွဲရန်အညွှန်း

စဉ် သီးနှံ  ဓါတ်မြေသြဇာ  ထည့်သွန်းချိန် ၁ ဧကနှုန်းထား
(၁) လယ်ယာသီးနှံစပါး ၊ ပြောင်း ၊ဂျုံ  ပျိုးခင်း 

 

 မြေပြုပြင်ချိန်

 မျိုးစေ့လူးနယ်ခြင်း

 (၂-တင်း)

 ၁၂ ပိဿာ

 ၁၅ ပိဿာ

 ၃၀ ကျပ်သား

(၂) ပဲမျိုးစုံ၊မတ်ပဲ ၊ ပဲတီစိမ်း ၊ပဲပုတ်

မြေပြုပြင်ချိန်

၁၅ ပိဿာ

(၃) ဟင်းသီးဟင်းရွက်ဂေါ်ဖီထုပ် ၊ ဘရိုကိုလီပန်းဂေါ်ဖီ ၊ အာလူး၊ငရုတ် ၊ ခရမ်းချဉ်

မြေပြုပြင်ချိန်

၁၅ ပိဿာ

(၄) ဥယျာဉ် ခြံ သီးနှံသံပုရာ ၊ ကျွဲကော ၊ရှောက် ၊ လိမ္မော်

မြေပြုပြင်ချိန်

၃၀ ပိဿာ

မှတ်ချက် ။ ။

(၁)   အပင်ဆစ်ကြားတိုပြီး  အပင်ပုခြင်း ၊ ပင်စည်ထိပ်တွင် ရွက်နုထွက်ခြင်း ၊  အရွက်များသေးသွယ်ခြင်း  ၊ ရွက်ပြားရွက်လိပ်ပြီး  အဖြူရောင်ပြောင်းခြင်း ၊  အပင်သေဆုံးခြင်းများ  ဖြစ်ပေါ် လာမှုအား  ကာကွယ်ရန်  သုံးစွဲပါ။

(၂)    မြေချဉ်ငံကိန်း  မြင့်သောမြေများ   သြဂဲနစ်ဓါတ်ကြွယ်ဝသော မြေများ ၊  သဲဆန်ပြီး  ရေတိုက်စားခံထားရသော  မြေများ ၊ မီးစုံးဓါတ်လွန်ကဲသော မြေများ ၊  မြေယာပြုပြင်ပြီး  အောက်ခံမြေထုံးဓါတ်များသောမြေမျာ တွင်  နှုန်းထားပိုမိုသုံးစွဲသင့်ပါသည်။

(၃)   သတ်မှတ်နှုန်းထားထက်  ပိုမို၍  လုံးဝသုံးစွဲခြင်းမပြုရန် ။

(၄)   အခြားသီးနှံများအတွက်  စိုက်ပျိုးရေး   ပညာရှင်များနှင့်   ညှိနှိုင်း  သုံးစွဲရန်ဖြစ်ပါသည်။

ဂျစ်ဆမ် ၇၀ %

ဂျစ်ဆမ် အကြောင်းသိကောင်းစရာများ

၁။        စိုက်ပျိုးသီးနှံများအတွက်  ဒုတိယ  အဓိကလိုအပ်သော  အာဟာရဓါတ်အများဆုံးပါဝင်ခြင်း

၂။        အပင်ကြီးထွားမှုပရိုတင်းဓါတ်၊  အစေ့အဆံအောင်မြင်ဖြစ်ထွန်းခြင်း

၃။        သီးနှံပင်၏ အမြစ်နှင့်  အရွက်များဖြစ်ပေါ်မှုကို  လှုံ့ဆော်ပေးခြင်း

၄။        ပဲမျိုးနွယ်များအတွက်  အထူးအထွက်ကောင်းစေခြင်း

၅။        စိုက်ခင်းအတွင်း  ရေဝပ်ပါက  ရေကို လျှင်မြန်စွာစုပ်ယူပြီး   အမြန်ခြောက်စေခြင်း

၆။        သီးနှံပင်အတွက်   ရေလိုအပ်လျှင်   စုပ်ယူထားသောရေကို   သီးနှံပင်များအတွက်  လိုအပ်သောအချိန်တွင်   ပြန်ထုတ်ပေးခြင်း

၇။        သီးနှံပင်များအတွက်လိုအပ်သော  အာဟာရဓါတ်ကို   ဖြေးဖြေးချင်းထုတ်ပေးခြင်း

၈။        စိုက်ပျိုးသီးနှံများတွင် အန္တရာယ်ကင်းစွာ  အသုံးပြုနိုင်ခြင်း

၉။        သီးနှံအထွက်နှုန်းတိုးတက်ပြီး   ဓါတ်မြေသြဇာသုံးစွဲမှု လျော့သုံးရခြင်း

၁၀။      စိုက်ပျိုးသူအတွက်   ကုန်ကျမှုသက်သာခြင်း

၁၁။      ဆားပေါက်မြေများ  အထူးသဖြင့် (မြန်မာပြည်အထက်ပိုင်း)တွင်  အသုံးပြုခြင်းဖြင့်  အကျိုးများစေခြင်း

၁၂။      စပါးစိုက်ခင်းများ၌    နောက်ဆုံးထယ်ရေးပြင်ချိန်တွင်   ထည့်ပေးခြင်းဖြင့်  နီမတုတ်ရောဂါနှင့်ဘက်တီးရီးယားကြောင့်ဖြစ်သောပင်ခြေပုပ်ရောဂါကျရောက်မှုကို တားဆီးပေးနိုင်ခြင်း

၁၃။      အသီးအပွင့်ဝင်ချိန်တွင်  ဖျန်းပေးခြင်းဖြင့်  အပွင့်ကြွေမှုနည်းပါးပြီး  အသီးပို၍ တင်စေခြင်း

အသုံးပြုပုံ

၁။         စိုက်ဘောင်/စိုက်ကြောင်းများတွင်  ထည့်သွင်းအသုံးပြုနိုင်ပါသည်။

၂။         ရေသွင်းချိန်တွင်လည်း  အသုံးပြုနိုင်ပါသည်။

၃။        မြေပြုပြင်ချိန်တွင်   တစ်ဧကလျှင် ၁၀မှ ၂၅ ကီလိုဂရမ်  အသုံးပြုပါသည်။

၄။         အသီးပွင့်ချိန်တွင်   တစ်ဧကလျှင်  ၁၀မှ ၁၂ ကီလိုဂရမ် အသုံးပြုပါသည်။

ဂျစ်ဆမ် ၉၇ %

ဂျစ်ဆမ်  အကြောင်းသိကောင်းစရာများ

၁။        စိုက်ပျိုးသီးနှံများအတွက်  ဒုတိယ  အဓိကလိုအပ်သော  အာဟာရဓါတ်အများဆုံးပါဝင်ခြင်း

၂။        အပင်ကြီးထွားမှုပရိုတင်းဓါတ်၊  အစေ့အဆံအာင်မြင်ဖြစ်ထွန်းခြင်း

၃။        သီးနှံပင်၏ အမြစ်နှင့်  အရွက်များဖြစ်ပေါ်မှုကို  လှုံ့ဆော်ပေးခြင်း

၄။        ပဲမျိုးနွယ်များအတွက်  အထူးအထွက်ကောင်းစေခြင်း

၅။        စိုက်ခင်းအတွင်း  ရေဝပ်ပါက  ရေကို လျှင်မြန်စွာစုပ်ယူပြီး   အမြန်ခြောက်စေခြင်း

၆။        သီးနှံပင်အတွက်   ရေလိုအပ်လျှင်   စုပ်ယူထားသောရေကို   သီးနှံပင်များအတွက်  လိုအပ်သော အချိန်တွင်   ပြန်ထုတ်ပေးခြင်း

၇။        သီးနှံပင်များအတွက်လိုအပ်သော  အာဟာရဓါတ်ကို   ဖြေးဖြေးချင်းထုတ်ပေးခြင်း

၈။         စိုက်ပျိုးသီးနှံများတွင် အန္တရာယ်ကင်းစွာ  အသုံးပြုနိုင်ခြင်း

၉။        သီးနှံအထွက်နှုန်းတိုးတက်ပြီး   ဓါတ်မြေသြဇာသုံးစွဲမှု လျော့သုံးရခြင်း

၁၀။      စိုက်ပျိုးသူအတွက်   ကုန်ကျမှုသက်သာခြင်း

၁၁။      ဆားပေါက်မြေများ  အထူးသဖြင့် (မြန်မာပြည်အထက်ပိုင်း)တွင်  အသုံးပြုခြင်းဖြင့်  အကျိုးများစေခြင်း

၁၂။      စပါးစိုက်ခင်းများ၌    နောက်ဆုံးထယ်ရေးပြင်ချိန်တွင်   ထည့်ပေးခြင်းဖြင့်  နီမတုတ်ရောဂါနှင့်  ဘက်တီးရီး ယားကြောင့်ဖြစ်သောပင်ခြေပုပ်ရောဂါကျရောက်မှုကို  တားဆီးပေးနိုင်ခြင်း

၁၃။      အသီးအပွင့်ဝင်ချိန်တွင်  ဖျန်းပေးခြင်းဖြင့်  အပွင့်ကြွေမှုနည်းပါးပြီး  အသီးပို၍ တင်စေခြင်း

အသုံးပြုပုံ

၁။         စိုက်ဘောင်/စိုက်ကြောင်းများတွင်  ထည့်သွင်းအသုံးပြုနိုင်ပါသည်။

၂။         ရေသွင်းချိန်တွင်လည်း  အသုံးပြုနိုင်ပါသည်။

၃။        မြေပြုပြင်ချိန်တွင်   တစ်ဧကလျှင် ၁၀ မှ ၂၅ ကီလိုဂရမ်  အသုံးပြုပါသည်။

၄။        အသီးပွင့်ချိန်တွင်   တစ်ဧကလျှင်  ၁၀မှ ၁၂ ကီလိုဂရမ် အသုံးပြုပါသည်။