ယူရီးယား (နေရွက်လှေ)
ပါဝင်မှုအချိုးအစား
N – 46%
သီးနှံအမျိုးအစား | မြေဩဇာ ထည့်သွင်းရမည့် အချိန် နှင့် တစ်ဧကနှုန်းထား |
နှံစားသီးနှံများ (စပါး၊ ပြောင်း၊ ဂျုံ) | စိုက်ပြီး တစ်လသား – ၅၀ ကီလိုဂရမ် အနှံသန္ဓေတည်ချိန် – ၂၅ ကီလိုဂရမ် |
ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်၊ ကုလားပဲ) | မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ် ပန်းမပွင့်မီတစ်ပတ် – ၂၅ ကီလိုဂရမ် |
ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) | မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ် ပန်းမပွင့်မီတစ်ပတ် – ၂၅ ကီလိုဂရမ် |
စက်မှုသီးနှံ (ဝါ၊ ကြံ၊ အာတာလွတ်၊ ပီလောပီနံ) | မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ် စိုက်ပြီး ၂လသား – ၂၅ ကီလိုဂရမ် တူးဖော်ရိတ်သိမ်းရန် (၁)လအလို – ၂၅ ကီလိုဂရမ် |
စက်မှုသီးနှံ (ရာဘာ၊ ဆီအုန်း၊ လက်ဖက်၊ ကိုကိုး၊ ကော်ဖီ) | မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ် မိုးဦး – ၂၅ ကီလိုဂရမ် မိုးနှောင်း – ၁၂ ကီလိုဂရမ် အရွက်၊ အသီး၊ အစေး မယူမီတစ်ပတ်အလို – ၂၅ ကီလိုဂရမ် အရွက်၊ အသီး၊ အစေးယူနေစဉ်ကာလ -၁၂ ကီလိုဂရမ် |
ပန်းမန်နှင့်အပင်များ | မြေပြုပြင်ချိန်မှစ၍ တစ်နှစ်(၂)ကြိမ် – တစ်ပင်(၂၀၀-၅၀၀)ဂရမ် |
ဥယျာဉ်ခြံသီးနှံ (သရက်၊ မာလကာ၊ ပိန္နဲ၊ ကျွဲကော၊ သံပုရာ၊ နဂါးမောက်၊ ပန်းသီး၊ သစ်တော်) | အပင်သက် တစ်နှစ်နှင့်အောက် (မိုးဦး၊ မိုးနှောင်း ၂ကြိမ်) – တစ်ပင် (၁၅၀-၄၀၀)ဂရမ် အပင်သက်တစ်နှစ်ကျော်မှ သုံးနှစ် (မိုးဦး၊ မိုးနှောင်း ၂-ကြိမ်) – တစ်ပင် (၂၀၀-၅၀၀)ဂရမ် စီးပွားဖြစ် အသီးထုတ်ချိန် (သန္ဓေတည်ချိန်၊ အသီးကြီးထွားချိန်) (တစ်နှစ် ၄-ကြိမ်) – တစ်ပင်(၁၀၀-၂၀၀)ဂရမ် |
ဟင်းသီးဟင်းရွက် | မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ် အပင်ကြီးထွားချိန် – ၅၀ ကီလိုဂရမ် အပွင့်၊ အဖူး စတင်ချိန် – ၂၅ ကီလိုဂရမ် |
မှတ်ချက်။ ။
၁) သီးနှံအမျိုးအစားနှင့် မြေအဆင့်အတန်း ပေါ်လိုက်၍ မြေဩဇာနှုန်းထား အပြောင်းအလဲ ရှိနိုင်ပါသည်။
၂) ဩဂဲနစ် သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်မှု သတ်မှတ်နှုန်းထား အထိ လျော့ကျစေရန်နှင့် ထွက်နှုန်း တိုးတက်စေရန်အတွက် နည်းစနစ်မှန်မှန်သုံးစွဲပါ။