Marlarmyaing for All. Let's grow together !

စီပူတော့ ၅ % ဂျီ

 

သီးနှံ ဖျက်ပိုး နှုန်းထား (ကီလိုဂရမ်/ဧက) မှတ်ချက်

ဟင်းသီးဟင်းရွက်

အလှစိုက်ခင်းပျိုးခင်း

ခရု / ပက်ကျိ ၁၀ ညနေ နေကျချိန် (သို့) ညအချိန်တွင်ရေသွင်းပြီး ၄.၅ – ၆ ဂရမ်ကို ၃ မီတာ ပတ်လည်တိုင်းတွင် မြေမျက်နှာပြင်ပေါ်သို့ ချပေးပါ။
အသီးပင်များ အပင်ပတ်တွင် ၁၀ ဂရမ်ချပေးပါ။
      စပါး       ခရု ၂.၄၃ (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသော ခရု အကောင်ရေ အများဆုံး (၈) ကောင်နှင့် အထက်တွေ့ရှိပါက သုံးစွဲရန် နှုန်းထားဖြစ်သည်။
၁.၈၂ (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသော ခရုအကောင်ရေ အများဆုံး (၈) ကောင်အောက် တွေ့ရှိပါက သုံးစွဲရန် နှုန်းထားဖြစ်ပါသည်။

ဆေးဖျန်းပြီး ၁၂ နာရီကြာမှသာ ကွင်းထဲသို့ ပြန်ဝင်ရပါမည်။

အသုံးပြုနည်း

ခရုများစွာကျရောက်နေပါက

  • စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ ရက်အလိုတွင် ရေကို ၅ စင်တီမီတာ အနက်ခန့် ၊ ၂၄ နာရီလုံး ရေသွင်းထားပါ။
  • မျိုးစေ့မကျဲမီ ၄ ရက်အလို ညနေပိုင်း နေကျခါနီးတွင် ဆေးခဲများကို အကွက်ထဲသို့  ကျဲပက်ပေးပါ။
  • ဆေးကျဲပက်ပြီးသောအခါ ရေကို ၃ ရက်ခန့် သွင်းထားပြီးမှသာ စပါးစေ့ကို ပက်ကျဲရပါမည်။

ခရုအနည်းငယ်သာ ကျရောက်နေပါက

  • စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ ရက်အလိုတွင် ရေကို ၅ စင်တီမီတာ အနက်ခန့် ၂၄ နာရီလုံးရေသွင်းထားပါ။

မျိုးစေ့များ မစိုက်မီ ၄ ရက်အလိုတွင် ရေအနည်းငယ်သာထားပြီး ကျန်သော ရေများကို စိုက်ခင်းထဲမှ ထုတ်လိုက်ပါ။ မျိုးစေ့မစိုက်မီ ၃ ရက်အလိုတွင် ရေထဲသို့ ဆေးခဲများကို ညနေကျခါနီး တွင် ကျဲပေးပါ။ ဆေးကျဲပက်ပြီးသောအခါ ရေကို သုံးရက်ခန့် သွင်းထားပြီးမှသာ စပါးစေ့ကို ကျဲရပါမည်။