Marlarmyaing for All. Let's grow together !

ဒါကိုနေးလ် ၇၅ % ဒဗလျူပီ

အသုံးပြုရန်အညွှန်း

ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ဆေး (၂၀) ဂရမ် (စတီးဟင်း စားဇွန်း ၂ – ဇွန်း) ဖျော်စပ်အသုံးပြုပါ။

အာလူး                               –    နှောင်းပင်နာကျ ၊ စောပင်နာကျရောဂါ ၊အပင်မြင့် (၆) လက်မ (သို့) ရောဂါ စတင်ကျပါက ဆေးဖျန်းပါ။ (၇ – ၁၀)ရက်ခြား၍ ထပ်ဖြန်းပါ။

ခရမ်းချဉ်                            –   နှောင်းပင်နာကျ ၊ စောပင်နာကျရောဂါ ၊ရောဂါ စတင်ကျပါကဆေးဖျန်းပါ။ (၇-၁၀)ရက် ခြား၍ ထပ်ဖြန်းပါ။

ဘူး၊ဖရုံ၊သခွား ၊ ဖရဲ           –    ဒေါင်းနီးမှိုရောဂါ ၊ ချေးဖတ်ရောဂါ ၊ မှဲ့ပြောက်စွန်းရောဂါကာကွယ်ရန်မူမှန် ရွက်တစ်ရွက် ထွက်ပြီး(သို့) ရောဂါကျရောက်ရန် အခြေအနေပေးသော အချိန်တွင် ဆေးဖျန်းပါ။ (၇) ရက်ခြား၍ ထပ်ဖြန်းပါ။

ကြက်သွန်နီ                      –    ဒေါင်းနီမှိုရောဂါ တောက်တဲ့မီးရောဂါ ၊ မီးခိုးရောင်မှိုရောဂါ ၊ရောဂါမကျရောက်မီ ဆေးဖျန်းပါ။ (၇-၁၀) ရက်ခြား၍ဖျန်းပါ။

ဂေါ်ဖီထုပ်၊ဂေါ်ဖီပန်းပွင့်     –     ဒေါင်းနီမှိုရောဂါ ၊အော်တာနေးရီးယားရွက်ပြောက်ရောဂါ ၊ရွက်ပြောက်ရောဂါ ၊ ပြောင်းရွှေ့ စိုက်ပြီး (သို့) ရောဂါကျရောက်ရန်အခြေအနေပေးပါက စတင်ဆေးဖျန်းပါ။ (၇ – ၁၀) ရက်ခြား၍ နောက်ထပ်ဖျန်းပါ။

ငရုတ်                                –    ဖိုက်တော့သရာပင်နာကျရောဂါ ၊ မှဲ့ပြောက်စွန်းရောဂါ ၊ပြောင်းရွှေ့စိုက်ပြီး သို့မဟုတ် တိုက်ရိုက် စိုက်ပါက အပင်ပေါက်ပြီး (သို့) ရောဂါကျရောက်ရန်အခြေအနေပေးပါက စတင် ဆေးဖျန်းပါ။ (၇ – ၁၀) ရက်ခြား၍ နောက်ထပ်ဆေးဖျန်းပါ။

မြေပဲ                               –    အညိုရောင်ရွက်ပြောက်ရောဂါ ၊အမဲရောင်ရွက်ပြောက်ရောဂါ ၊ သံချေးရောဂါ ၊ အော်တာနေးရီးယား ရွက်ပြောက်ရောဂါ ၊ ရောဂါ စတင်ကျရောက်သည်နှင့် ဆေးဖျန်းပါ။ (၁၀-၁၄)ရက်ခြား၍ ထပ်ဖြန်းပါ။

ပဲပုပ်                               –      မှဲ့ပြောက်စွန်းရောဂါ ၊အပွင့်ပွင့်ပြီး (၂-၃) ပတ်အကြာတွင် စတင်ဆေးဖျန်းပါ။ (၁၀-၁၄) ရက်ခြား၍ ထပ်ဖြန်းပါ။