အမ်-ကိုဆိုက် ၇၇ % ဒဗလျူပီ
အောက်ပါအညွှန်းအတိုင်းသုံးစွဲပါ။
သီးနှံ | ရောဂါအမည် | အသုံးပြုရမည့် နှုန်းထား | မှတ်ချက် |
ရှောက် ၊ သုံပရာ ၊ ကျွဲကော ၊ လိမ္မော်မျိုးနွယ်များ | အရွက် ၊ အကိုင်း ၊ အဖူး ၊ လောင်မဲ၊ အစေးထွက် အစက်ပျောက် ၊ အညိုရောင် အပင်ပုပ် ၊ အက်ကွဲခြောက်သေရောဂါ ။ | တစ်ဧကလျှင် ၉၀၀ ဂရမ်မှ ၅.၅ ကီလို | အရွက်ကြွေချိန် ၊ ရွက်နုထွက်ချိန် ၊ အဖူးအပွင့်မထွက်မီနှင့်ထွက်ပြီးချိန်များတွင် ဖျန်းနိုင်သည်။ |
စပါး ၊ ပြောင်း ၊ ဂျုံ ၊ ဘာလီ | ရွက်ပြောက် ၊ ပင်နာလောင်မဲ ရောဂါများ ၊ ရွက်ခြောက် ၊ ရိုးမဲဆစ်ပြုတ် ၊ ဂုတ်ကျိုး ၊ သံချေးတက် ၊ပင်ညှိုးရောဂါ | တစ်ဧကလျှင် ၆၈၀ ဂရမ်မှ ၂.၃ ကီလို | စိုက်ပြီး ၃၅ မှ ၄၀ ရက် (သို့) ရောဂါ စတွေ့သည့်အချိန်တွင် စဖျန်းပါ။ ၁၀ ရက် ၊ ၁၄ ရက်ခြားတစ်ကြိမ် ဖျန်းပါ။ |
စပျစ် ၊ သင်္ဘော ၊ စတော်ဘယ်ရီ | ရွက်ပြောက်နှင့် အရွက်လောင်မဲရောဂါ၊ ရွက်ခြောက်သီးနာပုတ်ရောဂါ ၊ သံချေးရောဂါ ၊ ဖားဥမှိုရောဂါ | တစ်ဧကလျှင် ၁ ကီလိုမှ ၄.၅ ကီလို | မိုးရာသီတွင် ၇ ရက်တစ်ကြိမ်ဖျန်းပါ။ အပွင့်မပွင့်မီ အချိန် ၊ ခူးဆွတ်ပြီးချိန် အရွက်ကြွေချိန် ရောက်သည်အထိ ၃ ကြိမ်ဖျန်းပါ။ |
ပန်းသီး ၊ ထောပတ်သီး ၊ ငှက်ပျောသီး ၊ ကိုကိုး ၊ ကော်ဖီ ၊ သရက်သီး ၊ မက်မုံသီး ၊ ဆီးသီး၊ သစ်တော်သီး ၊ မာလကာသီး ၊ သြဇာသီး | မှဲ့ပြောက်စွန်း ၊ ပင်စည်ကိုင်း ၊ အက်ကွဲခြောက် ၊ ပင်ရင့်ပုပ် အနာကွဲ ၊ အသီးမဲ ၊ အသီးပုပ်၊ သံချေးတက် ၊ ဘက်တီးရီးယား ၊ လောင်မဲရောဂါ ၊ ဒေါင်းမြီးကွက် အသီးဖု ၊ အရွက်တွန့်ရောဂါ | တစ်ဧကလျှင် ၁ကီလိုမှ ၇.၃ ကီလို | ပန်းသီးအဝါမျိုးများတွင် အရောင်ပျက်စေသဖြင့် ခူးဆွတ်ပြီးမှ ဖျန်းပါ။အညွှန့်အဖူးများ ငွေရောင်မှ အစိမ်းရောင်သို့ မပြောင်းမီ ဖျန်းပါ။ အသီးတင်ချိန်မှ ခူးဆွတ်ချိန်ထိ ၁ လ တစ်ကြိမ်ဖျန်းပါ။ |
ဟင်းသီးဟင်းရွက် များ၊ ခရမ်းချဉ် ၊ဂေါ်ဖီ ၊ဖရဲ ၊ သခွါးမွှေး ၊ ကြက်သွန်ဖြူ / နီ ၊ ဆေးရွက်ကြီး ၊ သနပ်ဖက် ၊ ကွမ်း | မှိုနှင့်ဘက်တီးရီးယားလောင်မဲရောဂါ ၊ အရွက်အစက်ပြောက် အရွက်ခြောက်မှဲ့စွန်းရောဂါ ၊ သံချေးဖြူရောဂါ ၊ ဘက်တီးရီးယား အသီးနာကွက်ရောဂါ ၊ ရိုးမဲဆစ်ပြုတ် ၊ ဂုတ်ကျိုး ၊ ရွက်ပြုတ် | တစ်ဧကလျှင် ၄၅၀ ဂရမ်မှ ၂ ကီလို | ပျိုးခင်းမှ ပြောင်းရွှေ့စိုက်ပြီး အပင်အမြစ်စွဲချိန်တွင် စတင်ဖျန်းပါ။ ကြက်သွန်တွင် အပင်အမြစ် ၄” ၆ “ အမြင့်ရှိချိန် စဖျန်းပါ။ |