စူပါစတစ်ကာ
အရည်အသွေး
၁။ စိုက်ပျိုးရေးသမားများတွင် အထူးအလိုအပ်ဆုံးအရာတစ်ခုသည် စူပါစတစ်ကာ ဖြစ်သည်။
၂။ အပင်အတွက် အကျိုးပိုမိုရှိစေနိုင်သည့် ကော်နှစ်မျိုးကိုရောစပ်ထားပြီး အပင်၏ ဇီဝကမ္မဗေဒဆိုင်ရာကို မထိခိုက်နိုင်ပါ။
၃။ အပင်များအပေါ်တွင်ဖျန်းပြီး ဓါတ်ကြွင်း အာနိသင်မကျန်ခြင်းကြောင့်စားသုံးသူများအား ဘေးအန္တရယ်မဖြစ်စေနိုင်ပါ။
သုံးစွဲရန်ဆေးနှုန်းထား
– ရေ (၁) ဂါလံနှင့်ဆေး (၅) စီစီ (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) ရောစပ်၍ ပက်ဖျန်းပါ။
– (မိမိအသုံးပြုမည့် ရေ၏ (၁/၃) သုံးပုံတစ်ပုံနှင့် စူပါစတစ်ကာရောစပ်ပြီးလျှင် ပိုးသတ်ဆေး ၊ မှိုသတ်ဆေး ၊ ရွက်ဖျန်းမြေသြဇာနှင့် စိတ်ချစွာ တွဲဖက်အသုံးပြုခြင်းဖြင့် အကျိုးထူးစေပါသည်။
အကျိုးကျေးဇူးများ
၁။ အပင်ပေါ်ဆေးဖျန်းပြီးလျှင် အပင်အစိတ်အပိုင်းအားလုံးဆေးထိညီညာပြီး ၊ ပျံ့နှံ့မှုလွယ်ကူပါသည်။
၂။ အရွက် ၊ အပွင့် ၊ အသီးများကို အရောင်သွေးတောက်ပစေပြီး သီးနှံအရည်အသွေးကောင်းမွန်စေပါသည်။
၃။ ပိုးသတ်ဆေး ၊ မှိုသတ်ဆေး ၊ အရွက်ဖျန်းမြေသြဇာနှင့် စိတ်ချစွာ တွဲဖက်အသုံးပြုခြင်းဖြင့် အကျိုးထူးစေပါသည်။
၄။ အပင်ပေါ်တွင် ပိုးသတ်ဆေးတွဲကပ်အားကောင်းသဖြင့် ဖျက်ပိုးများကို အသေမြန်စေပါသည်။
၅။ အပင်ပေါ်တွင် ပိုးသတ်ဆေး ၊ မှိုသတ်ဆေး များ အချိန်ကြာမြင့်စွာစွဲနေသဖြင့် ဆေးဖျန်းအကြိမ် လျော့နည်းအသုံးပြုနိုင်ပါသည်။
၆။ စိုက်ပျိုးပင်များအားလုံးတွင် အသုံးပြုနိုင်ပြီး အပင်လောင်ကျွမ်းမှု မရှိပါ။
၇။ ဆေးတွဲကပ်အားကောင်းသောကြောင့် ဆေးဖျန်းပြီးမိုးရေနှင့် ဆေးများ အလွယ်တကူ ပါမသွားပါ။
၈။ မိုးရာသီတွင် မဖြစ်မနေသုံးစွဲပါ။