သီးနှံ | ဖျက်ပိုး | တစ်ဧကနှုန်း ထား (စီစီ) |
စပါး ၊ ပြောင်း ၊ ဂျုံ | ဆစ်ပိုး ၊ ပိုးလောင်မီး ၊ နှံစုပ်ဂျပိုး ၊ ဖြုတ်စိမ်း ၊ ဖြုတ်ညို | ၂၀၀ – ၃၀၀ |
ပဲတီစိမ်း ၊ မတ်ပဲ ၊ မြေပဲ၊ကုလားပဲ ၊ ပဲစင်းငုံ၊ နှမ်း ၊ ဝါ | ဖိုးလမင်းကျိုင်း ၊ ဖြုတ်ပိုး ၊ သရစ်လှေးပိုး ၊ ပျပိုး ၊ ရွက်ထွေးပိုး ၊ သီးလုံးဖောက်ပိုး ၊ ငမြှောင်တောင် | ၂၀၀ – ၃၀၀ |
အာလူး ၊ ငရုတ် ၊ ခရမ်း ၊ ခရမ်းချဉ် ၊ ကြက်သွန်ဖြူ / နီ | ရွက်စားပိုးများ ၊ ခေါင်ညွန့်ထိုးပိုး ၊ ဖိုးလမင်းကျိုင်း ၊ ငမြှောင်တောင် ၊ ဖြုတ် ၊ ပျ ၊ လှေးပိုး ၊ သီးလုံးဖောက်ပိုး | ၂၀၀ – ၃၀၀ |
လိမ္မော် ၊ ရှောက် ၊ သံပုရာ ၊ ကျွဲကော | ပျ ၊ လှေးပိုး ၊ အကြေးပိုး ၊ ဖြုတ် ၊ မွှားပင့်ကူနီ ၊ ရွက်ထွင်းပိုး | ၁၀၀၀ – ၁၅၀၀ |
ဟင်းသီးဟင်းရွက် ၊ ဖရဲ ၊ သခွား ၊ သခွားမွှေး | ဖိုးလမင်း ၊ ပျ ၊ ရွက်စားပိုး ၊ ဖြုတ် ၊ သီးလုံးဖောက်ပိုး | ၂၀၀ – ၃၀၀ |
ဆေးဖျန်းပြီး (၁၄) ရက်ကျော်လွန်မှသာ ခူးဆွတ်ရိတ်သိမ်းပါ။
မှတ်ချက် – မြစ်ဖုနီမတုတ်နှင့် အမြစ်စားကျိုင်းစသည့် မြေတွင်းအောင်းပိုးများကို ကာကွယ်ရန်အတွက် တစ်ဧကလျှင် M-Carbo ၂၀ အီးစီဆေးရည် (၁၀၀၀ – ၂၀၀၀ ) စီစီကို စိုက်ကြောင်း ဘေးပတ်လည်မြေကြီးပေါ်သို့ ပက်ဖျန်းပါ။ စိုက်ပျိုးဖြစ်ထွန်းပြီး သီးနှံပင်များတွင် မြေအောင်းပိုး များဖျက်စီးမှုမှ ကာကွယ်နှိမ်နှင်းရန်အတွက် M- Carbo ၁၅စီစီကို ရေ (၁) ဂါလံနှင့် ရောစပ်၍ အပင်ခြေရင်း ပတ်လည်မြေကြီးကို နှံ့စပ်အောင် ပက်ဖျန်းပေးပါ။
အဆိပ်ဖြေဆေး ATROPIG 2 mg ကို အသားဆေးအဖြစ် ထိုးပါ။ မျက်စိထဲဝင်လျှင် ATROPIG ဆေးတစ်စက်ခန့် ထည့်ပါ။