အမ် – ကားတက် ၅၀ % အက် (စ်) ပီ
၁။ အသုံးပြုရာတွင် ကြိုတင်သတိပြုရမည့် အချက်များ
(၁) အမ် – ကားတက်သည် ပိုးချည်မျှင်ထုတ်ပိုးများကို အဆိပ်အတောက်ဖြစ်စေသည်။ ပိုးစာပင်စိုက်ခင်းများကို ရှောင်ပါ။
(၂) အမ် – ကားတက်ကို ဘော်ဒါဆေးဖြင့် ရော၍သုံးလိုပါက ရောစပ်ပြီး ချက်ချင်းသုံးစွဲပါ။
(၃) ပန်းပွင့်နေသော စပါးခင်းတွင် အမ် – ကားတက်ကို မသုံးပါနှင့် ။
(၄) ပန်းပွင့်ချိန်တွင် အဖြူမှအပ အရောင်ရှိသောပန်းပွင့်များပေါ်သို့ မဖျန်းရ ၊ အရောင်များ လွင့်ပြယ်သည်။
၂။ သုံးစွဲရန်အညွှန်း ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် အမ် – ကားတက်ဆေး (၂၀ – ၄၀) ဂရမ်နှုန်း ရောစပ်ပက်ဖျန်းပါ။
သီးနှံ | နှိမ်နှင်းနိုင်မည့်ဖျက်ပိုးများ | ဆေးနှုန်း (ဂရမ် /ဧက) |
စပါး | ဆစ်ပိုးများ ၊ ရွက်လိပ်ပိုးများ ၊ ပိုးလောင်မီး ၊ ရွက်ထွင်းပိုး ၊ ရွက်စားပိုး ၊ (Rice Skipper) ၊ စပါးရွက်များ ၊ မြူနီမတုတ်ပိုး ၊ | ၁၅၀ – ၂၅၀ |
ဂျုံ ၊ ပြောင်း ၊ နေကြာ | ဂျုံဆစ်ပိုး ၊ ပြောင်းဖူးစားပိုး ၊ ပြောင်းပင်စည်ထိုးပိုး ၊ လှေပိုး ၊ ရွက်စားပိုး ၊ | ၁၅၀ – ၂၅၀ |
ပဲမျိုးစုံ | ပဲသီးတောင့်ထိုးပိုး ၊ ပျပိုး ၊ လှေးပိုး ၊ | ၁၅၀ – ၂၅၀ |
ကြက်သွန်နီ / ဖြူ | ရွက်ထွင်းပိုး ၊ လှေးပိုး ၊ | ၁၀၀ – ၂၀၀ |
အာလူး | အာလူးမြေတွင်အောင်းပိုး ၊ အာလူးရွက်ထွင်းပိုး ၊ အနက်ရောင်ပင်ဖြတ်ပိုး | ၁၀၀ – ၂၅၀ |
လက်ဖက် ၊ စပျစ် | ဖြုတ်စိမ်း ၊ ရွက်လိပ်ပိုး ၊ အဝါရောင်လှေးပိုး ၊ | ၂၀၀ – ၃၀၀ |
သစ်သီးဝလံနှင့် ရှောက် ၊ လိမ္မော် | ရွက်ထွင်းပိုး ၊ လှေးပိုး ၊ ဖြုတ်ပိုး ၊သီးထိုးယင် | ၂၀၀ – ၃၀၀ |
ဟင်းသီးဟင်းရွက် | စိန်ကွက်ဖလံ ၊ ဂေါ်ဖီရွက်စားပိုး ၊ ပျပိုး ၊ လှေးပိုး ၊ ခရမ်းချဉ်ရွက်ထွင်းပိုး ၊ သီးစားပိုး | ၁၀၀ – ၂၀၀ |
ဆေးဖျန်းပြီး (၂၀) ရက်ကျော်မှသာ ခူးဆွတ်ရိတ်သိမ်းပါ။
မှတ်ချက်။ (၁) စပါးရွက်ဖျား ဖြူနီမတုတ်ပိုး ကာကွယ်ရန်အတွက် ဆေး(၁) ဆနှင့်ရေ အဆ (၅၀၀) ရောစပ်ပြီး မျိုးစပါးများကို (၆) နာရီမှ (၁၂) နာရီကြာစိမ်ပြီးမှ စိုက်ပါ။
(၂) စပါးဆစ်ပိုးများကို နှိမ်နှင်းရန် အကောင်းဆုံးအချိန် –
(၁) ပထမ သားဆက်အတွက် ဖလံအများဆုံး ထွက်ပြီး (၇-၁၅) ရက်အတွင်းနှိမ်နှင်းရမည်။
(၂) ဒုတိယသားဆက်အတွက် (က) တစ်ကြိမ်ဖျန်း – ဖလံများ ထွက်ပြီး (၅) ရက်အကြာ ဒုတိယအကြိမ် ဆေးဖျန်းရမည်။ (ခ) နှစ်ကြိမ်ဖျန်း – ဖလံများ ထွက်ပြီးပြီးချင်း တစ်ကြိမ်နှင့် (၇-၁၀)ရက်အကြား ဒုတိယအကြိမ် ဆေးဖျန်းရမည်။
(၃) ပျပိုးများကို နှိမ်နှင်းရန်အတွက် (၇ – ၁၀ ) ရက်ခြား တစ်ကြိမ်ဆေးဖျန်းပါ။
(၄) အဆိပ်ဖြေဆေး L- Cysteine