Marlarmyaing for All. Let's grow together !

အခါမဲ့မိုးဖြင့် သီးနှံများစိုက်ပျိုးခြင်းအပြုရန် အကြံပြုချက်

မကွေး စစ်ကိုင်း ရခိုင်နှင့်မုန်တိုင်းမိုး
ရွာသွန်းခဲ့သောဒေသများတွင်
သီးနှံများစိုက်ပျိုး မျိုးချရန် ဆန္ဒ
မစောပါနှင့်။
ပုံမှန်မုတ်သုံမိုးရရန် တလကျော်
လိုနေသေးကြောင်း သတိပြုပါ။
အခါမဲ့မိုးနှင့်စိုက်ပျိုးပြီး နောက်ပိုင်း
ရေမပေးနိုင်သဖြင့် နှမ်းခင်း ပဲခင်းများ
ယမန်နှစ်ကာလများက ပျက်စီးခဲ့ရခြင်း
ကို သတိရရန်ပါ။
ဆောင်ရွက်ရန်မှာ—-
မြေဝမ်းရောင်တွင် ထယ်ရေးဖွင့်ပြီး
ရသမျှမိုးရေ မြေတွင်းတွင် ခံယူ
သိုလှောင်ထားပါ။ ရသမျှ ဆိတ်ချေး
နွားချေး သစ်ရွက်ဆွေး သစ်ရွက်စိမ်း
မြစ် ချောင်းနုံး ရိုးပြတ်များ ဖြည့်တင်းပြီး
မြေနှင့်ထယ်လှန်မြှုတ်နှံထားပါ။
မိုးရွာသဖြင့် အပေါ်ယံမြေကြောတင်းပါက
ထယ်ရေးသစ်ထပ်မံဖွင့်ပေးပါ။
အခါမဲ့မိုးဖြင့်သီးနှံများမစိုက်ပျိုးမိစေရန်
အကြံပြုတိုက်တွန်းအပ်ပါသည်။

Free BeTheme WordPress Theme is the best product we ever did.