Marlarmyaing for All. Let's grow together !

“အောက်တိုဘာလ အတွက် မာလာမြိုင်ရဲ့ စိုက်ပျိုုးရေး အကြံပြုချက် “

(၁) ရေကြီးရေလျှံမှုကြောင့် ထုတစ်ပေအထက် သဲနုံးနှင့် နုံးဖုံးသေများ မူလရေဆင်းရေဝင်ရေထွက်ပေါက်များအား ပြန်လည်ဖွင့်လှစ်သန့်ရှင်းပါ။ မြေထန့်ပြီဆိုလျှင် မြေပြုပြင်ခြင်း၊ စူးထိုးစနစ်ကျင့်သုံးခြင်းဖြင့် အရွက်နှင့်ပင်ကြွင်းများသော သီးနှံများဖြစ်သည့် နေကြာ၊ ပြောင်း ၊ ပဲမျိုးစုံ၊ ခရမ်း ၊ ငရုတ် ၊ ရုံးပတီစသည့် သီးနှံများစိုက်ပျိုးပါ။ အပင်ခြေတစ်ဝိုက် စက်ဖွဲပြာ၊ ကြက်ချေး ၊ နွားချေးဆွေး၊ ရွာထွက်အမှိုက်ဆွေးများကို ထုံးမှုန် ့၊ ကျောက်မှုန့်ကွန်ပေါင်းမြေသြဇာများဖြင့် ရောစပ်မြေဆွဖြည့်တင်းပေးပါ။ အပင်(၁၀)ရက်သားမှစ၍ (၃၅)ရက်သားအထိ အပင်ကြီးမြန်ရွက်ဖြန်းနှင့် နောက်ပိုင်းအပွင့်အသီးအားပေးမည့် ရွက်ဖြန်းမြေသြဇာများ၊ ဇီဝစူပါ ၊အီးအမ်အိုင် အမ်၊ ချိတိုဇင်များ ၁ ပတ်မှ ၁၀ရက်ခြားတစ်ခါ ပက်ဖြန်းပေးပါ။ ဖုံးလွှမ်းသောမြေများတွင် အပင်အတွက် အဓိကအာဟာရများ ၊ သြဂင်းနစ်နှင့် အနုဇီဝပိုးများ မပါရှိသည်ကိုသတိပြုဖြည့်တင်းပါ။ သို့သော် အနည်းလို အာဟာရများပါဝင်လာသဖြင့် စိုက်ပျိုးမြေကို ပိုမိုအကျိုးရှိစေပါတယ်။

(၂) ထုတစ်ပေအောက်ဖုံးလွှမ်းခံရပြီး စပါးသီးနှံစိုက်ပျိုးထားသောလယ်မြေများ၊ ရေသွင်းရေထုတ်မကြာမကြာလုပ်ပြီး တမန်းနှိုးပေးပါ။ ရွက်လိပ်၊ ရွက်ခေါက် ၊ ပိုးလောင်းမီး ၊ ကြက်သွန်မြိတ်နှင့်ဆစ်ပိုး နီမတုတ်နှင့်မှိုရောဂါများ ကင်းထောက်ကာကွယ်နှိမ်နင်းပါ။ ယူရီးယားနှင့် တိရိစ္ဆာန်ချေးဆွေး ၁း၃ ရောစပ်နှပ်ပြီးပက်ကြဲပေးပါ။

(၃) အရွက်အကိုင်းအားအလွန်ကောင်းနေသော ဥယျာဉ်ခြံသစ်သီးပင်များအား အရွက်အကိုင်းငယ်များ ၊ ၂၀% မှ ၃၀% ချွေချပစ်ပါ။ ပင်အိုသရက်များ ပင်စည်ကိုဓားထစ်ပေးပါ။ ပင်စည်ပတ်လည် ဓားရာမဆက်မိအောင်သတိပြုပါ။

(၄) စပါးသီးနှံတွင် ကစီရည် ၈၀% ပြည့်ပြီးသော အသက်ရက်မှီစပါးမျိုးများအား ရင့်မှည့်မှုညီညာရန်နှင့် ရိတ်သိမ်းရလွယ်ကူရန် ရေပြောင်လွှတ်ပါ။ နှံစုတ်ပိုး ၊ နှံဖြတ်ပိုး ၊ မှိုရောဂါ ၊ ဘက်တီးရီးယားရောဂါများ ၊ ကင်းထောက်စစ်ဆေး၍ ကာကွယ်နှိမ်နင်းပါ။

(၅) မိုးသီးနှံပဲ ၊ ပြောင်း ၊ နေကြာ ၊ ဂျုံ ၊ နှမ်းရိတ်သိမ်းပြီးပါက အဖျင်း ၊ အမှော်နှင့် အစိုဓါတ်သန့်ရှင်းကုန်စင်အောင် ဆောင်ရွက်ပါ။ ဝါသီးနှံများအပွင့်အားကောင်းရန် အပွင့်အသီးအားပေးသည့် ရွက်ဖြန်းမြေသြဇာများ ပက်ဖြန်းဖြည့်တင်းပါ။ ကြံသီးနှံပင်များ အပင်ရှည်ထွက်ရန် ဂျီအေဂိုး ၊ ဟော်မုန်းပက်ဖြန်းအသုံးပြုပါ။ မြေခံအဖြစ် ကွန်ပေါင်း ၊ တီစူပါ ၊ ပိုတက် ၊ မဂ¾နီဆီယမ်ဆာလ်ဖိတ် ဓါတ်မြေသြဇာများဖြည့်တင်းပေးပါ။