Full-Time
Bahan, Yangon
Posted 2 months ago

Job Description

• အနည်းဆုံး အခြေခံပညာအထက်အတန်းအဆင့်ရှိရမည်။

• Food Processing၊ Food Preparation၊ Bakery၊ Restaurant (သို့မဟုတ်) Fresh Food Retail လုပ်ငန်းတွင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။

• အစားအသောက်သန့်ရှင်းရေး၊ Food Safety နှင့် Personal Hygiene စည်းမျဉ်းများကို နားလည်ပြီး လိုက်နာနိုင်ရမည်။

• ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို သန့်ရှင်းခြင်း၊ လှီးဖြတ်ခြင်း၊ Portioning နှင့် Packing ပြုလုပ်နိုင်ရမည်။

• သန့်ရှင်းသပ်ရပ်မှု၊ အချိန်တိကျမှု၊ စည်းကမ်းလိုက်နာမှုရှိရမည်။

• Team နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။

Job Specification

• ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို သတ်မှတ်ထားသော စံနှုန်းနှင့်အညီ ဆေးကြောခြင်း၊ အခွံခွာခြင်း၊ လှီးဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်။

• ပြင်ဆင်ပြီးသော Food Products များကို သတ်မှတ်ထားသော အရွယ်အစား၊ အလေးချိန်နှင့် အရည်အသွေးအတိုင်း Portioning ပြုလုပ်ရန်။

• အသင့်စား/အသင့်ချက်ပြုတ်နိုင်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို သတ်မှတ်ထားသော Packaging စံနှုန်းနှင့်အညီ ထုပ်ပိုးရန်။

• အစားအသောက် သန့်ရှင်းရေးနှင့် Food Safety စည်းမျဉ်းများကို တိကျစွာလိုက်နာပြီး လုပ်ငန်းခွင်နှင့် အသုံးပြုသည့်ပစ္စည်းများကို သန့်ရှင်းစွာ ထိန်းသိမ်းရန်။

• ကုန်ကြမ်းများ၏ လတ်ဆတ်မှု၊ အရည်အသွေးနှင့် ပျက်စီးမှုအခြေအနေများကို စစ်ဆေးပြီး မသင့်လျော်သောပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြရန်။

• Food Processing Area တွင် အသုံးပြုသည့် ဓား၊ Cutting Tools၊ Weighing Scale နှင့် အခြားပစ္စည်းများကို လုံခြုံစွာနှင့် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုရန်။

• Processing အတွင်း ဖြစ်ပေါ်သည့် Waste များကို သတ်မှတ်ထားသော စနစ်အတိုင်း စီမံခန့်ခွဲပြီး Supervisor မှ ပေးအပ်သော သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်။

Job Features

Job Category

Fresh Produce Processing, Operation

Salary

Negotiable

Apply For This Job

A valid email address is required.
A valid phone number is required.