Full-Time
Hpa An, Myeik, Taungyi, Bago, Tharyawaddy, Meikhtila, Pathein
Posted 2 weeks ago

Job Description

• ဘွဲ့ရဖြစ်ရမည်။

• Administration၊ Office Assistant (သို့မဟုတ်) သက်ဆိုင်ရာလုပ်ငန်းတွင် အနည်းဆုံး (၁) နှစ် လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်။

• Microsoft Office (Word, Excel, PowerPoint) ကို ကောင်းမွန်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။

• စာရွက်စာတမ်းစီမံခန့်ခွဲမှု၊ ရုံးသုံးပစ္စည်းစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးလုပ်ငန်းများဆိုင်ရာ အခြေခံဗဟုသုတရှိရမည်။

• အသင်းအဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။

• ရိုးသားမှု၊ တာဝန်ယူမှု၊ အသေးစိတ်ဂရုစိုက်မှုရှိပြီး လျှို့ဝှက်အချက်အလက်များကို စနစ်တကျ ထိန်းသိမ်းနိုင်ရမည်။

• လိုအပ်ပါက ခရီးသွားလာနိုင်သူဖြစ်ရမည်။

Job Specification

• ဒေသဆိုင်ရာရုံး၏ နေ့စဉ်အုပ်ချုပ်ရေးလုပ်ငန်းများကို ချောမွေ့စွာ လည်ပတ်နိုင်စေရန် ကူညီဆောင်ရွက်ရန်။

• ရုံးဝင်စာ၊ ထွက်စာများ၊ စာချုပ်များ၊ အစီရင်ခံစာများနှင့် အခြားအုပ်ချုပ်ရေးဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်၊ မှတ်တမ်းတင်နှင့် ထိန်းသိမ်းရန်။

• ရုံးသုံးပစ္စည်းများ၊ ပုံသေပိုင်ပစ္စည်းများ (Fixed Assets) နှင့် ရုံးအသုံးအဆောင်ပစ္စည်းများကို စာရင်းပြုစုထိန်းသိမ်းပြီး လိုအပ်ပါက ဝယ်ယူရေးလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ရန်။

• ရုံးသို့လာရောက်သော ဧည့်သည်များအား ကြိုဆိုလက်ခံခြင်း၊ ဖုန်းခေါ်ဆိုမှုများကို လက်ခံဖြေကြားခြင်းနှင့် သက်ဆိုင်ရာဌာနများသို့ ချိတ်ဆက်ပေးရန်။

• ယာဉ်အသုံးပြုမှု၊ ခရီးသွားအစီအစဉ်များ၊ အစည်းအဝေးများနှင့် ရုံးအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းစီစဉ်ပေးရန်။

• လစဉ် အုပ်ချုပ်ရေးအသုံးစရိတ်၊ ရုံးသုံးပစ္စည်းအသုံးပြုမှုနှင့် အခြားလိုအပ်သော အစီရင်ခံစာများကို ပြင်ဆင်တင်ပြရန်။

• ကုမ္ပဏီ၏ မူဝါဒများ၊ SOP များနှင့် လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာပြီး Regional Admin Manager နှင့် အခြားဌာနများကို လိုအပ်သလို ပူးပေါင်းကူညီဆောင်ရွက်ရန်။

Job Features

Job Category

Administration

Salary

Negotiable

Apply For This Job

A valid email address is required.
A valid phone number is required.