Marlarmyaing for All. Let's grow together !

စိုက်ခင်း၊ စပါးခင်းတွေထဲက ခရုနှိမ်နင်းနည်း

အခုတလော မိုးတွင်းဆိုတော့ ခရုတွေ ပေါပြီး စပါးခင်း နဲ့စိုက်ခင်းတွေကို ကိုက်ဖျက်စားသောက် ဖျက်ဆီးပြီး တော်တော် ဒုက္ခပေးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် မာလာမြိုင်မှ ခရုနှိမ်နင်းနည်းနဲ့ပတ်သက်ပြီး မျှဝေလိုက်ပါတယ်။

ခရုတွေဟာ စိုစွတ်တဲ့ အချိန်မှာ ထွက်တက်ကြပါတယ်။ အစားစားတဲ့ အချိန်က ညနေ၅နာရီနဲ့ ညနေ ၇နာရီ ခွဲနဲ့၈နာရီကြားမှာ လာစားကြတက်ကြပါတယ်။

ပထမဆုံး လူအားနဲ့နှိမ်နင်းမယ်ဆိုရင် မြေကြီးကို စိုသွားအောင်ရေဖြန်းပေးရပါမယ်။ ခရုတွေ လာလေ့ လာထ ရှိတဲ့ နေရာမှာ ငှက်ပျောခွံ ၊ နာနတ်ခွံ သရက်ခွံ ၊ ပိန္ဒဲခွံ စတဲ့ အနံ့မွေးတဲ့ အသီးခွံတွေကို အပိုင်းအစလေးတွေ လုပ်ပြီး ချထားပေးလိုက်ပါ။ နာရီဝက် တစ်နာရီကြာရင် သူတို့လာစားပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ညှပ်နဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ ကောက်ပြီး ဖမ်းလို့ရပါတယ်။

ဒုတိယ တစ်နည်းကတော့ စိုက်ခင်းပတ်ပတ်လည်ကို ဝါယာကြိုးဟောင်းတွေထဲက ကြေးဝါ ကြေးနီတွေကို ခွဲထုတ် ။ အဲ့ဒီကြိုးလေးတွေကို ကာထားမယ် ဆိုရင် သူတို့ မလာရဲတော့ပါဘူး။

နောက် တစ်ခုကတော့ ဓာတုနည်းနဲ့ကာကွယ်တာပေါ့။ မျှားစာနဲ့သုံးတာပေါ့။ မာလာမြိုင်ရဲ့စီပူတော့ ခရုပတ်ကျိသတ်ဆေး ကို ခရုရှိတဲ့ နေရာတွေမှာ ၈ပေပတ်လည်အတွင်း ဆေးကို နှစ်ပုံ သုံးပုံလောက် ပုံထားပေးလိုက်ပါ။ သူတို့ လာစားပြီးရင် သေပါတယ်။

ကြေးနီဓာတ်ပါတဲ့ ဓာတုဆေးတစ်ခုဖြစ်တဲ့ အမ်ဖိုဆိုက် ကို သုံးလို့လည်း ရပါတယ်။ ရေတစ်ဂါလံမှာ ၁၀ ဂရမ်နှုန်း ဆေးဖြန်းပုံမှာထည့်ပြီးတော့ သမအောင် ရောစပ်ပြီး ပက်ဖြန်းပေး။ ဖြန်းတဲ့ နေရာမှ ခရုတွေအပေါ်လည်း ဖြန်း ၊ ခရုသွားလမ်းမှာလည်း ဖြန်း ရပါတယ်။ ခရုများ ခိုအောင်ရာ အုပ်ပုံ ၊ အုပ်ကျိုးများအောက် ၊ အမှိုက်ပုံများအောက် ၊ အလင်းရောင်နည်းပြီး အစိုဓာတ်များသော နေရာတွေကို နှံ့နှံ့စပ်စပ် ဖြန့်ပေးလို့ရပါတယ်။

စပါးခင်းမှာ ဆိုရင်တော့ ..

စပါးစိုက်ပြီးသားဆိုရင် အမ်ဖိုဆိုက်ကို သုံးပေးလို့ရပါတယ်။ စပါးမစိုက်ရသေးဘူး စိုက်ခင်းပြင်ထားသုံးရှိသေးတယ် ဆိုရင် မော့(စ်)တော့ သုံးပါ။ ဥယျာဉ်သမားနဲ့ခြံသမားတွေဆိုရင်တော့ စီပူတော့ကို သုံးပေးရပါတယ်။

ယခု အကြံပြုချက်ကို မာလာမြိုင်ရဲ့စိုက်ပျိုးရေး နည်းပညာရှင် ဆရာဦးသန်းဝင်း မှ ကူညီဖြေကြားပေးထားပါတယ်။