Marlarmyaing for All. Let's grow together !

ဗိုက်တာမင်ဘီဝမ်း

၁။              ဤဆေးရည်သည် ကြီးထွားမှုအားပေးသော ဓါတုပစ္စည်း ဗိုက်တာမင် ဘီ-၁ အပင်ကြီးထွားမှုအားပေးသည့် ဟော်မုန်းနှင့် အသွင်တူပစ္စည်းများ ၊ သြဂဲနစ်ပစ္စည်းများ ၊ အပင် အလွယ်တကူစားသုံးနိုင်သော သံဓါတ်အပြင် ဖော့စ်ဖိုရက်အက်စစ်ပါဝင်သည်။ ဤဆေးရည်သည် အမြစ်ကြီးထွားမှု အားပေးခြင်းနှင့် ရွှေ့ပြောင်းစိုက်စဉ် အပင်ထိခိုက်မှု လျော့နည်းစေရန် သိပ္ပံနည်းစနစ် အခြေခံပြီး ထုတ်လုပ်ထားသည်။ ရွှေ့ပြောင်းစိုက်ပျိုးမည့် အလှစိုက်ပင်များ ၊ မြေဖုံးပင်များ ၊ ပင်ပုများနှင့် နှင်းဆီစိုက်ပျိုးရေးတွင် သုံးစွဲသင့်သည်။

၂။        ပါဝင်ပစ္စည်းများ –

ဗိုက်တာမင် ဘီ -၁ (Thaiamine Monontrate) ဝ.၁၀ % ၊ အယ်ဖါနက်ဖ်သလင်း အက်ဆီတစ်အက်စစ် (Alpha Naphthalene Acetic Acid ဝ.၀၄ % ၊ ဖေါ်စ်ဖိုရစ်အက်စစ် (အခြေခံဖေါ်စဖိုရစ်အက်စစ်မှ ထုပ်ယူထားသည့် အပင်များအလွယ်တကူ စားသုံးနိုင်သောပစ္စည်း) ၂.၀၀ %၊ သံဓါတ် (E.D.T.A နှင့် ဓါတ်ပြုထားသော ချီလိတ်တက်ဒ် ပစ္စည်း) ဝ.၁၀% ၊ အေမိုင်နိုအက်စစ် (၃.၅၀%) တို့ပါဝင်သည်။

၃။        အသုံးပြုရန်အညွှန်း

ရေတစ်ဂါလံတွင် ဤအားရည်ကို လက်ဖက်စားတစ်ဇွန်းဖြင့် ဖျော်ပြီး ပျိုးကိုင်းဖြတ် သို့မဟုတ် ရွှေ့ပြောင်းစိုက် အပင်ပတ်ဝန်းကျင်ရှိ မြေဆီလွှာအား စွတ်စိုအောင် ဖျန်းပေးပါ။ ဤအားဆေးရည်ကို အပင်ရေသွင်းစဉ် ၂-၃ ပတ်အထိ သို့မဟုတ် အပင်အမြစ်စွဲသည်အထိ ပက်ဖျန်းလောင်းသင့်သည်။အပင်မျိုးအောင်သည်အထိကြီးထွားမှု အကောင်းဆုံးဖြစ်စေရန် ပုံမှန်ပက်ဖျန်းပေးရသည်။ဤအားဆေးသည် ပြင်အားမြင့်မား၍ ညွှန်ကြားထားသည့်အတိုင်း ဆောင်ရွက်ရမည်။